Local News

ထိုင်ဝမ်ဆီးသီးများလှိုင်လှိုင်ထွက်၍စျေးနှုန်းကျ

Last Updated:

    ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်သည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိကထားလုပ်ကိုင်ကြသော်လည်း ဒေသခံတောင်သူများသည် နှစ်ရှည်သီးနှံဖြစ်သော ဇီးပင်စိုက်ပျိုးခြင်းလုပ်ငန်းကိုလည်း ယာမြေနှင့်ဥယျာဉ်ခြံမြေများတွင် အများအပြားစိုက်ပျိုးလာကြကြောင်း၊ ဇီသီးသည် ရာသီစာဖြစ်၍ တစ်နှစ်ပတ်လုံးစားခွင့်မရှိပဲ တစ်နှစ်တွင် တစ်ခါသာ စားသုံးခွင့်ရှိသော သီးနှံတစ်မျိုးလည်းဖြစ်ကြောင်း၊ ဇီးပင်စိုက်ပျိုးရာတွင် ကိုင်းကူးပျိုးပင်များကိုသာ အများဆုံးစိုက်ပျိုးကြပြီး အလုံးကြီးပြီး အရည်အသွေးကောင်းမွန်၍ အရသာရှိသော ထိုင်ဝမ်ဇီးသီးမျိုးများကိုသာ အများဆုံးစိုက်ပျိုးလာကြကြောင်း၊ ဇီးပင်စိုက်ပျိုးရာတွင် တစ်ပင်နှင့်တစ်ပင် (၁၅)ပေခြား စိုက်ပျိုးကြကြောင်း၊ တစ်ဧက ပျိုးပင် (၁၀၀) စိုက်ပျိုးရပြီး စတင်စိုက်ပျိုးသည့်အချိန်မှ (၂-၃) နှစ်ခန့်အကြာတွင် ဇီးသီးများ စတင်ခူးဆွတ်ရကြောင်း၊ ထိုင်ဝမ်ဇီးသီးများသည် နိုဝင်ဘာတွင် စတင်ထွက်ရှိပြီး ပေါ်ဦးပေါ်စချိန်ဖြစ်သောကြောင့် ဈေးကောင်းရရှိပြီး စတင်ထွက်ပေါ်သည့်အချိန်တွင် တစ်ပတ်ခူးဆွတ်မှုအနေဖြင့် (၁၀) ပြည်ပါ (၂၅) ဖာအထိ ရရှိပြီး ယခုချိန်တွင် တစ်ရက်လျှင် (၁၀) ပြည်ပါ ဖာ (၅၀-၆၀) ဖာအထိရရှိပြီ ဆီးသီးများ လှိုင်လှိုင်ထွက်ပေါ်နေသောကြောင့် ဈေးနှုန်းများ ကျဆင်းလျက်ရှိပြီး ဖောက်သည်ဈေးအနေဖြင့် ဇီးသီး (၁၀) ပြည်ပါ တစ်ဖာတွင် အလုံးအကြီးအသေးပေါ် မူတည်၍ (၂၀၀၀-၃၀၀၀) ကျပ်အထိ ဈေးရှိပြီး လက်လီဈေးနှုန်းအနေဖြင့် ထိုင်ဝမ်ဆီးသီး (၁) ပြည်လျှင် အလုံးကြီး (၄၀၀၀/-) အလုံးသေး (၃၀၀၀/-) ကျပ်ဈေးဖြင့် ရောင်းချခဲ့ရကြောင်း၊  ယိုစုံလုပ်ငန်းရှင်များမှလည်း ဇီးခြံအထိ လာရောက်၍ ဝယ်ယူလျက်ရှိကြောင်း၊ ဇီးသီးစိုက်တောင်သူများမှာလည်း ရန်ကုန်-မန္တလေး လမ်းဘေးများတွင်လည်း ကိုယ်တိုင်ရောင်းချလျက်ရှိကြောင်း၊ ယခုနှစ်တွင် မိုးရွာသွန်းမှုကောင်းမွန်သောကြောင့် ထိုင်ဝမ်ဇီးသီးများမှာ အရည်အသွေးကောင်း၍ အလုံးကြီးပြီး အထွက်နှုန်းကောင်းမွန်သည့်အပြင် ပေါ်စအချိန်ထက် အရောင်း သွက်၍ အကျိုးအမြတ်အနေဖြင့် အထွက်နှုန်းနှင့်ဈေးနှုန်းအပေါ် မူတည်ပြီး ရာသီအစမှရာသီကုန်အထိ(၄၀၀၀၀၀၀-၅၀၀၀၀၀၀) ကျပ်ခန့် အကျိုးအမြတ်ရရှိကြောင်းကို ဇီးသီးစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
Source: https://www.doca.gov.mm

Category: Local News